မိုင်းပန် ဇွန် ၂၅
၂၀၂၁ခု နှစ် ဇွန်လ ၂၆ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး(Talk Show)ကို ယနေ့ နံနက် ၁၀နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့ ကြောင်းသိရသည်။
ရှေးဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ စခန်းမှူး မြင့်ဝင်းက မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ထိခိုက် နိုင်မည့် အန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ဆိုးကျိုး များ၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် အကြောင်းအရာများကို လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးသူရဝင်းမှ မူးယစ်ဆေးဝါးလက်ဝယ်ထားရှိခြင်း၊ သုံးစွဲ ခြင်း၊ရောင်းချခြင်း၊ ရောင်းချရန်အားပေးကူညီခြင်း စသည့်တို့ကြောင့်ချမှတ် နိုင်သည့်ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို ပြည်သူများသိရှိနိုင်စေရန် အကျယ်တဝင့်ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။
မိုင်းပန်(ပြန်/ဆက်)