နမ့်ဆန် ဇွန် ၂၅
၂၀၂၁ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး (နမ့်ဆန်) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများသည် ယမန်နေ့နံနက် (၁ဝး၀၀) နာရီ အချိန် က ရုံးပေါင်းစုံဝင်းအတွင်းရှိ ဌာနဆိုင်ရာများသို့ သွားရောက်ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေး လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်းများ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းသည့်နည်းလမ်းများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါးများ အန္တာရာယ်တားဆီးကာကွယ်ရေး လုပ်ငန်းများ၊ ဆောင်ပုဒ်၊ ကဗျာနှင့် ကာတွန်းတို့ ပါဝင်သည်။
နန်းဆိုင်လီခမ်း