ဝိုင်းမော် ဇွန် ၂၅
၂၀၂၁ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲ သုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့်မူးယစ် ဆေးဝါး၏ဆိုးကျိုးများနှင့် မူးယစ်ဆေးသုံးစွဲခြင်းကြောင့်ဖြစ်ပေါ်မည့် အကျိုးဆက်အန္တရာယ် များအား ပြည်သူများ ရှောင်ကြဉ်စေနိုင်ပြီး အသိပညာဗဟုသုတများတိုးပွားစေရန်အတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းတွင် ဝိုင်းမော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စောင်ရေ(၂၄၀) စောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ် ဆေးဝါးပြဿနာဖြေရှင်းခြင်း၊မူးယစ်အန္တရာယ်ရှောင်ကြဉ်ဖွယ်၊ မုံရွာဝင်းဖေရေးသားသော ကမ္ဘာ့ရန်သူ ဘိန်းဖြူကဗျာ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ် ရေးလုပ်ငန်းများနှင့် မူးယစ်ဆေးဝါးအသိပညာပေးကာတွန်း၊ဆောင်ပုဒ်များနှင့်ကဗျာများ ထည့်သွင်း ဖော်ပြထားသည့် လက်ကမ်းစာစောင်များကို ဝိုင်းမော်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ မှဝန်ထမ်းများက လူစည်ကားသော လမ်းဆုံနှင့်အခြေခံပညာကျောင်းများတွင် အခမဲ့ဖြန့်ဝေပေးခဲ့သည်။
ခိုင်သက်မွန်