ပြင်ဦးလွင် ဇွန် ၂၅
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက် ( ၀၉ း၃၀) နာရီက ပြင်ဉီးလွင်မြို့ရှိမြို့မဈေးကြီးအနီးနှင့် မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံး တို့တွင် ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ဖြန့်ဝေပေးလျက်ရှိသည် ။
အဆိုပါ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်တွင် ကမ္ဘာ့ရန်သူဘိန်းဖြူ၊မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်လဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ ၊ မူးယစ်ဆေးစွဲသူ ဖေးမကူ ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း ၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း နှင့် မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ် စသည့် အသိပညာပေး ဆောင်ပုဒ်များပါသည့် လက်ကမ်းစာစောင်များအား လူစည်ကားရာနေရာများတွင် သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည် ။
ခရိုင် ( ပြန်/ဆက် )