တိုက်ကြီး ဇွန် ၂၅
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ နံနက် (၁၀) နာရီအချိန်ခန့်က ပြည်သူများ မူးယစ် ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိရှိနိုင်ရေးအတွက် ရည်ရွယ်လျက် Youth Club , Woman Club အဖွဲ့ဝင်များနှင့် စာရေးဆရာမောင်ကျေးဇူး ရေးသားထုတ်ဝေသော “လူငယ်တွေလမ်းမမှားနှင့် မူးယစ်ဆေးဝါးအန္တရာယ်” စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် Youth Club အဖွင့်ဝင် မောင်ဇော်ဝဏ္ဏထွန်းက မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့်ရောဂါနှင့် အန္တရာယ်များအကြောင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ “မူးယစ်အစ ဆေးလိပ်က” ဆိုသည့်အတိုင်း ဆေးလိပ်သောက်သုံးခြင်းကြောင့် အဆုတ်ကင်ဆာရောဂါနှင့်စွဲစေပြီး အသက်တိုစေ၍ ရှောင်ကြဉ်ရမည် ဖြစ်ကြောင်းတို့ကို ဆွေးနွေးခဲ့ကာ တက်ရောက်လာသူများကလည်း ကျယ်ကျယ်ပြန့်ပြန့် ဝိုင်းဝန်းဆွေနွေးခဲ့ကြ သည်။
ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာသည့် Youth Club, Woman Club အဖွဲ့ ဝင်များက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြသထားသော နံရံကပ်စာစောင်များကို လှည့်လည် ကြည့်ရှု့ခဲ့ကြောင်း သိရသည်။
စန်းကလျာခိုင်