တနိုင်း ဇွန် ၂၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ပြည်သူများမူးယစ်ဆေးဝါးနှင့်ပတ်သက်သော အသိပညာဗဟုသုတများရရှိပြီး မူးယစ်ဆေးဝါးကို ရှောင်ကြဉ်နိုင်ရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့ နံနက်(၉)နာရီက တနိုင်းမြို့မရဲစခန်းရှေ့ မိုင်းခွန်သွား လမ်းထောင့်၌ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
၂၀၂၁ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံး မှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြဿနာကိုဖြေရှင်းခြင်း၊ မူးယစ်အန္တရာယ်ရှောင်ကြဉ်ဖွယ် အသိပေးခြင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် ပတ်သက်သည့် ဆောင်ရွက် ချက်များနှင့် ကဗျာဆရာ မုံရွာဝင်းဖေ၏ "ကမ္ဘာ့ရန်သူဘိန်းဖြူ"ကဗျာများပါဝင်သည့် လက်ကမ်း စာစောင် တစ်ခုဖြစ်ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ရဲမှူးလှမြင့်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတေဇာအောင်၊ လဝက ဦးစီးအရာရှိ ဦးဘုန်းကျော်၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးလွင်ဦး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဝါဦးနှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးမှူး ဦးသန်းယဉ်နှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ဈေးသွားဈေးပြန် ပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများအား တနိုင်းမြို့မရဲစခန်းရှေ့ မိုင်းခွန်သွားလမ်းထောင့်တွင် လက်ကမ်းစာစောင်(၂၄၀)ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)