အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကမမောင်း   ဇွန်   ၂၅

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းနှင့် သံလွင်ဦးမြို့မဈေးတို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့နံနက်ပိုင်းကနယ်မြေရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်ရန်နောင်စိုး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်း အရင်းများ၊ မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်အကြောင်းအရာများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေးအန္တရာယ် အကြောင်းအရာများ၊ မူးယစ်ဆေးစွဲသူ ဖေးမကူ စသည့် ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ် များ စသည့်အကြောင်းအရာများဖြင့် အသိပညာပေးရေးသားဖော်ပြထားပြီး ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ခံထုတ်ဝေ၍ မိဘပြည်သူများနှင့် အခြေခံပညာသင်ကျောင်းသား၊ ကျောင်းသူများအတွက် ဖြန့်ဝေပေးခဲ့ခြင်းဖြစ်သည်။

လင်းသန့် (ပြန်/ဆက်)