မိုင်းနောင် ဇွန် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းနောင်မြို့ အထကကျောင်းခန်းမတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန် က ပြုလုပ်ခဲ့သည်။
ထိုသို့ ပြုလုပ်ရာတွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းဆင့်များခွဲ၍ အနာဂတ်ပန်းများ ပွင့်လန်းဖို့၊ မူးယစ်အန္တရာယ် ကာကွယ်စို့ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူးယစ်ကင်းမှလူ့လောက အလှဝေမည်သာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူးယစ်ကင်းစင် တို့ကျောင်းတစ်ခွင် ခေါင်းစဉ်များဖြင့် လည်းကောင်း ကျောင်းသား/သူ စုစုပေါင်း (၆၆)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပါသည်။
ဆက်လက်၍ မြို့အုပ်ချုပ်ရေးမှူး ဦးရဲနိုင်ထွန်းနှင့် စခန်းမှူး ရဲအုပ်ဇော်ဝင်း၊ ကျောင်းအုပ်ဆရာကြီး ဦးဇော်လှိုင်ထွန်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နန်းမီးတို့သည် စာစီစာကုံးဖြေဆိုနေသည့် ကျောင်းသား/သူအား သွားရောက်အားပေးခဲ့သည်။
နန်းမီး(မိုင်းနောင်)