ကွတ်ခိုင် ဇွန် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် Covid-19 ရောဂါထိန်းချုပ်ရေး နှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပြည်ထောင်စုလမ်းမပေါ် သွားလာသည့် ခရီးသွားပြည်သူများ၊ မြို့မစျေးအတွင်း/အပြင်နှင့် လူစည်ကားရာနေရာများသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ များပူးပေါင်း၍ ယနေ့နံနက်၉နာရီက Maskနှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်Covid-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးညွန့်၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ဆရာဝန်ကြီး ဒေါက်တာဝင့်ဝင့်မြိုင်တို့က ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ပြည်ထောင်စုလမ်းမပေါ် သွားလာသည့် ခရီးသွား ပြည်သူများ၊ မြို့မစျေးအတွင်း/အပြင်နှင့် လူစည်ကားရာနေရာများ၌ Mask နှာခေါင်းစည်း စနစ်တကျ တပ်ဆင်သွားလာခြင်းမရှိသူများကို Maskနှာခေါင်းစည်းများစနစ်တကျ တပ်ဆင်ရေး အသိပညာပေးမှုများ ဆောင်ရွက်ပြီး Maskနှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဌေးဌေး