ရန်ကုန် ဇွန်၂၅
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအ လွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ အား မြို့နယ်အတွင်းရှိ ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခြင်းကို ယနေ့နံနက် ၁၀ နာရီ အချိန်ခန့်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကသွား ရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်ကို သတိပြုရှောင်ရှားနိုင်စေရန် ရည်ရွယ်၍ ထုတ်ဝေဖြန့်ချီသည့် အဆိုပါလက်ကမ်းစာစောင်များ အား မြို့နယ်အတွင်းရှိ လူစည်ကားရာ စျေး၊ ကျောင်း၊ ကားဂိတ်များနှင့် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များထံသို့ မြို့နယ်ပြန်/ဆက် ဝန်ထမ်းများမှ လိုက်လံဖြန့်ဝေပေးခဲ့ခြင်း ဖြစ်သည်။ အဆိုပါ လက်ကမ်းစာစောင်များတွင် မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေးလုပ်ငန်းများ အကြောင်း၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းများ၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ်ရှောင်ကြဥ်ဖွယ်ရာများ၊ ကဗျာ၊ ကာတွန်းနှင့် မှတ်သားစရာ များစွာ ပါဝင်သည့်အတွက် ဖတ်ရှုရသူပြည်သူများအတွက် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကို သိမြင်နိုင်ပြီး ရှောင်ရှာနိုင်မည်ဖြစ်ကြောင်း သိရသည်။
ချစ်စုဝေ