နမ့်စန်(တ) ဇွန် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် လူငယ်နှင့်အခွင့်အလမ်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီ က Book Club အသင်းဝင်များ၊ စာပေဝါသနာရှင်များနှင့်အတူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဥမ္မာအောင် က စာဖတ်ဝိုင်းများ ပုံမှန်ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာသူ စာပေဝါသနာရှင်များက စာအုပ်ပါ အကြောင်းအရာများကို တစ်ဦးချင်း ဆွေးနွေးခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်းကို စာပေဝါသနာရှင် စာဖတ်သူများတိုးပွားလာစေရန်နှင့် စာဖတ်သူအချင်းချင်း ဗဟုသုတများ ဖလှယ်နိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ပြီး စာဖတ်ဝိုင်းသို့ မြို့နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးသန်းစိန်နှင့် အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)