မိုင်းယု (၁၀၅)မိုင်ကျေးရွာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး  Mask Campaign ပြုလုပ်

မူဆယ်       ဇွန်    ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊မိုင်းယု(၁၀၅)မိုင် ကျေးရွာတွင်   မိုင်းယု(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနီး၌ ယနေ့နံနက်ပိုင်းက ပါရမီ လူမှုကူညီရေးအသင်းဝင်များသည် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး လှုပ်ရှားမှုတွင် ပါးစပ်နှာခေါင်းစည်း   တပ်ဆင်နိုင်ရေး Mask Campaign ပြုလုပ်ခဲ့သည်။                                                                                            

Mask Campaign ပြုလုပ်ရာတွင်     ပါရမီလူမှုကူညီရေးအသင်း၊ ဥက္ကဋ္ဌ ဦးကျော် သန်းနှင့် အသင်းဝင်များသည် မိုင်းယု(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်အနီးတွင် အိမ်ပြင်ထွက်ခွါသွားလာကြ ပြည်သူများအနက် Mask တပ်ဆင်ခြင်းမရှိဘဲ သွားလာကြနေကြသည့် ပြည်သူအချို့ကို စနစ်တကျ Maskတပ်ဆင်ရေး အသိ ပညာပေးဆွေးနွေးခဲ့ကာ ပါးစပ်နှာခေါင်းစည်း Maskများကို အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်းနှင့် အလားတူ မိုင်းယု(၁၀၅)မိုင် ဈေးအတွင်းတွင်လည်း Maskများကို ဝေငှပေး၍ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။ စန္ဒာ