ဟိုပန် ဇွန် ၂၅
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၌ ယမန်နေ့ညနေက ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၄)ဦးတွေ့ရှိရသဖြင့် ဟိုပန်မြို့နယ် ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ လူနာကုသဆောင်၌ ထားရှိ၍ သီးခြားကုသမှုခံယူနေကြောင်း သိရသည်။
ဟိုပန်မြို့နယ်၊ မန်ခွန်ရပ်ကွက်တွင်နေထိုင်သည့် ဦးစိုင်းထွန်လှသည် ဇွန်လ ၁၉ ရက်နေ့တွင် ကျိုင်းတုံမှ ဟိုပန်မြို့သို့ပြန်လာခဲ့ရာ နေမကောင်းသဖြင့် ဟိုပန်မြို့ရှိ ပြင်ပဆေးခန်းတွင် ဇွန်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဆေးကုသမှုခံယူခဲ့သော်လည်း အဖျားသက်သာခြင်းမရှိ၍ ဇွန်လ ၂၄ ရက် နေ့တွင် ဟိုပန်မြို့နယ် ပြည်သူ့ဆေးရုံ၌ သံသယလူနာအဖြစ် (Swab)စစ်ဆေးခဲ့ရာ Positive ထွက်ခဲ့ ကြောင်း ထို့နောက်၎င်းနှင့်အတူနေ မိသားစုဝင်သုံးဦးအား ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ RDT (Test Kit) ဖြင့်ထပ်မံစစ်ဆေးရာ (Positive) ထွက်ခဲ့သဖြင့် ကိုဗစ်-၁၉ လူနာ(၄)ဦးကို ဟိုပန်မြို့နယ် ပြည်သူ့ ဆေးရုံရှိ ကိုဗစ်-၁၉ လူနာကုသဆောင်၌ သီးခြားဆေးကုသမှုပေးလျှက်ရှိပြီး ၎င်းတို့နေအိမ်နှင့် လမ်းများကို Lock Down ပြုလုပ်ထားသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ လူနာ(၄)ဦးထဲတွင် အသက်(၁)နှစ်(၈)လအရွယ် ကလေးတစ်ဦးပါ ပါဝင်ကြောင်း သိရှိသည်။
ခရိုင် (ပြန်/ဆက်)