လှိုင်းဘွဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လှိုင်းဘွဲ    ဇွန်   ၂၅

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ယနေ့နံနက် ၁၀နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသန်းက လှိုင်းဘွဲမြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါပိုး (၂)ဦးတွေ့ရှိပြီးဖြစ်၍ ဌာနဆိုင်ရာများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာ တွင် သတိထားဆောင်ရွက်ကြရန်၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုမရှိစေရေး ဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များ၊ အသွားအလာကန့်သတ် စောင့်ကြည့်ရာနေရာများ ထားရှိမှု၊ ပြည်သူများ ကိုဗစ်-၁၉  ရောဂါကူးစက်မှုမရှိအောင် မိမိအိမ်တွင် နေထိုင်စေခြင်းနှင့်အပြင်သွားရာတွင် နှာခေါင်းစည် တပ်ပြီး သွားလာရေးအတွက် နှိုးဆော်ပေးရန်၊  မြို့နယ်အတွင်း ရောဂါကူးစက်မှုမရှိစေရေး နေရပ်ပြန် ပြည်သူများရှိပါက နေအိမ်တွင် စည်းကမ်းတကျ နေထိုင်ခြင်း၊ ကုန်တင်ယာဉ်၊ ခရီးသည်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ် နောက်လိုက်များအား ကျန်းမာရေး စစ်ဆေးခြင်း၊ ခရီးသည်များကို ကိုယ်အပူချိန် တိုင်တာပေးခြင်း စသည့်လုပ်ငန်းများကို စနစ်တကျလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားပြီး အစည်းအဝေး တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်ပတ်သက်၍ စောင့်ကြည့်စစ်ဆေး ဆောင်ရွက်မည့် လုပ်ငန်းစဉ် များ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)