စုကလိ ဇွန် ၂၅
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသည့် “သတင်းစကား”လက်ကမ်းစာစောင်များကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၁) ရပ်ကွက်၊ တာနောထကျေးရွာနှင့် ဘောဘောထကျေးရွာတို့တွင် နေထိုင်ကြသော ပြည်သူများထံသို့ ယနေ့နံနက် ၉ နာရီအချိန်က စုကလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများ က ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပြဿနာကိုဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာ/ ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ မူးယစ်ဆေးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ စသည့်အချက်အလက်များနှင့် အသိပညာပေး ကဗျာ၊ ဆောင်ပုဒ်များ ပါရှိကြောင်း သိရသည်။
ဇော်နိုင်လင်း