အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး Talk Show ကျင်းပ

ဇေယျာသီရိ    ဇွန်  ၂၅

ဇွန်လ ၂၆ ရက်တွင် ကျရောက်မည့်   အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့  အထိမ်းအမှတ်အသိပညာပေး  Talk Show ကို  ယနေ့မွန်းတည့်  (၁၂)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပသည်။

အဆိုပါ  အသိပညာပေး Talk Show ကို  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇေယျာသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းရီနှင့် မြို့နယ်ဥပဒေအရာရှိ ဦးအောင်ကိုလတ်တို့က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများအကြောင်း၊ မူးယစ်ဆေးဝါး၏ အဓိကပြဿနာများနှင့် ဥပဒေအရ အရေးယူဆောင်ရွက်နေမှု အခြေအနေများကို ပြည်သူများ သိရှိစေရန် Talk Show အစီအစဉ်မှတစ်ဆင့် အသိပညာပေးပြောကြားခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)