ရွာငံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် မြို့ဝင်ဂိတ်တွင် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်

ရွာငံ ဇွန် ၂၅

ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးဦးစီးကော်မတီ၏ ဦးဆောင်ညွှန်ကြားမှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ယနေ့ နံနက် ၈ နာရီမှစတင်၍ ရွာငံမြို့အဝင် ဆင်နက်ချောင်ကျေးရွာ စစ်ဆေးရေးဂိတ်၌ မြို့တွင်းသို့ ဖြတ်သန်းသွားလာနေသော ခရီးသွားပြည်သူများကို ကိုယ်အပူချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းနှင့် စာရင်းကောက်ယူခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စစ်ဆေးရေးအဖွဲ့တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ကြက်ခြေနီအဖွဲ့များ၊ ကျန်းမာရေး ဝန်ထမ်းများ ပါဝင်ကြပြီး ရှမ်းပြည်နယ် ကိုဗစ်-၁၉ ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ခရီးသွားပြည်သူများအား ညနေ ၆ နာရီအထိ စစ်ဆေးဆောင်ရွက်ပေး လျက်ရှိကြာင်း သိရသည်။

ပြည့်ဖြိုးသန့် (ရွာငံ)