ကျောက်မဲမြို့တွင် Mask Campaign ဆောင်ရွက်

ကျောက်မဲ ဇွန်  ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ယနေ့နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက်ရည်ရွယ်၍ လူစည်ကားရာနေရာများတွင် Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ Mask Campaign ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-‌၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီမှ တာဝန်ရှိသူများ၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာန၊  စည်ပင်သာယာရေးဌာန၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပူးပေါင်းပါဝင်၍ လူစည်ကားရာ နေရာဖြစ်သည့် ဗဟိုဈေးကြီးနှင့် မင်္ဂလာဈေးအနီးရှိ လမ်းဆုံနေရာများတွင် ပြည်သူများအား ပါးစပ်နှာခေါင်းစည်း Mask အခု ၃၀၀၀ ကျော်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ရှမ်းပြည်နယ်‌(မြောက်ပိုင်း)ရှိမြို့အချို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုများရှိလာသကဲ့သို့ ကျောက်မဲမြို့တွင်လည်း  ဇွန် ၂၂ ရက်နေ့က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၂ ဦးတွေ့ရှိခဲ့သည့်အတွက် Mask Campaign ကို ပြုလုပ်ပေးခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)