မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် Talk Show ကျင်းပ

မိုင်းရယ်   ဇွန်   ၂၅

မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ဇွန်လ (၂၆)ရက်နေ့ တွင် ကျရောက်မည့် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ‘မူးယစ်ဆေးဝါးအန္တရာယ်သိကောင်းစရာ’ Talk Show ကို ယမန်နေ့ နေ့လည် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးတွင် ပြုလုပ်ရာ မိုင်းရယ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူး ကျော်ဇင်နိုင်က တက်ရောက် ဆွေးနွေးပေးသည်။

ဒုတိယရဲမှူး ကျော်ဇင်နိုင်က “မူးယစ်ဆေးဝါး၏အဓိပ္ပါယ်၊ ကမ္ဘာပေါ်တွင် ဘိန်းစတင် ပေါ်ပေါက်လာပုံနှင့် မြန်မာနိုင်ငံသို့စတင်ရောက်ရှိလာပုံ၊ မြန်မာနိုင်ငံတွင် အများဆုံး တွေ့ရှိရ သည့် မူးယစ်ဆေးဝါးအမျိုးအစား၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ ဆိုးကျိုး၊ မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပြစ်မှုများအား အရေးယူဆောင်ရွက်ထားရှိမှုနှင့် မူးယစ်ဆေးဝါး ပပျောက်ရေး အတွက် မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ်၊ နည်းနာနိဿယ(၃) ရပ်”တို့ဖြင့် ချမှတ် ဆောင်ရွက်လျက်ရှိပုံတို့ကို ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

မိုင်းရယ် (ပြန်/ဆက်)