မိုင်းဖြတ်၌  ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုင်းဖြတ်  ဇွန် ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီအောင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၀နာရီအချိန်ခန့်က မြို့နယ်အတွင်း ဆောင်ရွက် လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးညီညီအောင်သည်  မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ  နမ့်လန်းကျေးရွာရှိ ကွင်းအမှတ်(၂၈)၊  ဦးပိုင်အမှတ် (၂၆/က)ရှိ (၀.၁၁၀)ဧကအား မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ဝန်ထမ်းအိမ်ရာအဖြစ် မြေလွှဲဆောင်ရွက်ရန် နှင့် ကွင်းအမှတ်(၂၇/က)၊ နမ့်လန်းအရှေ့ကွင်း၊ ဦးပိုင်အမှတ်(၆၇)ရှိ (ဝ.၂၄၄)ဧကအား မြို့နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးအဖြစ် မြေလွှဲဆောင်ရွက်နိုင်ရေးအတွက်း ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် စျေးတန်းရပ်ကွက်၊ ကွင်းအမှတ်(၇)၊ လေယာဉ်ကွင်းဟောင်း ဦးပိုင်အမှတ်(၁)ရှိ (၅.၀၀)ဧကအား မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမြေအဖြစ် မြေလွှဲဆောင်ရွက်နိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့သည်။

ဆက်လက်၍  မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌသည် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေး ကော်မတီဝင်များနှင့်အတူ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ဆောင်ရွက်သည့်   ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ (၂၁၆.၀၀၀)သန်းဖြင့် နမ့်ယွန်းတောင်ပေါ်ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်သည့် အလျား၁၂၀ပေ၊ အနံ၃၀ပေ ရှိ (RC)လေးခန်းတွဲနှစ်ထပ် အမက(ဝမ်မိုင်)ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ခြင်း(၅၀ရာခိုင်နှုန်း) ဆောင်ရွက် ပြီးစီးမှုအားလည်းကောင်း၊ ခွင့်ပြုရန်ပုံငွေ (၁၆၀.၃၈၀)သန်းဖြင့်  (Grace One) ကုမ္ပဏီကတာဝန်ယူ ဆောင်ရွက်သည့် အလျား၉၀ပေ၊ အနံ၃၀ပေရှိ(RC)တစ်ထပ် အလက(ပါဆန်း)ဝန်ထမ်းအိမ်ရာ ဆောက် လုပ်ခြင်း(၂၅ရာခိုင်နှုန်း) ဆောင်ရွက်ပြီးစီးမှုအားလည်းကောင်း၊ ခွင့်ပြုရန်ပုံငွေ (၅၃.၉၈၉)သန်းဖြင့် နမ့်ယွန်းတောင်ပေါ် ကုမ္ပဏီကဆောင်ရွက်သည့်   အလျား၆၀ပေ၊ အနံ၃၀ပေ(RC)တစ်ထပ် သိပ္ပံခန်း ဆောက်လုပ်ခြင်း (၇၅ရာခိုင်နှုန်း)ဆောင်ရွက်ပြီးစီးမှုအားလည်းကောင်း  ကွင်းဆင်းကြည့်ရူ့ စစ်ဆေးခဲ့ရာ တာဝန်ယူဆောင်ရွက်သည့် ကုမ္ပဏီများအနေဖြင့် သက်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီဆောင်ရွက် ပြီးစီးရေး လုပ်ငန်းများဆောင်ရွက်မှုများအပေါ် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။

သန်းထွန်အေး