ရန်ကုန်အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ၌ မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်

ရန်ကုန် ဇွန် ၂

ရန်ကုန်‌အနောက်ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဇွန်လ  ၂၆ ရက်နေ့ တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး Talk Show ကို ယမန်နေ့ မွန်လွဲ ၁ နာရီက ဆောင်ရွက်သည်။

အဆိုပါ အသိပညာပေး Talk Show ဆောင်ရွက်မှုနှင့် ပတ်သက်၍ ခရိုင်ဦးစီးအရာရှိ ဒေါ်လှလှဌေးက၊ စာရေးဆရာမ ပေါက်ပေါက် (တင်ထက်ထက်ဇော်)နှင့် ပူပေါင်း၍ ပြည်သူများ မူးယစ်ဆေးဝါးအန္တရာယ်ကို သိရှိနားလည်ပြီး ကြိုတင်ကာကွယ်နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ပေး ခြင်းဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ စာရေးဆရာမ၊ ပေါက်ပေါက်(တင်ထက်ထက်ဇော်)က အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်း၊ မူးယစ်သမိုင်း အကြောင်း၊ မူးယစ်ဆေးကြောင့်၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှု၊ လူမှုရေး ပိုင်းဆိုင်ရာ ထိခိုက်မှု၊ ဆေးရွက်ကြီး၊ ဆေးလိပ်အန္တရာယ်၊ အသိပညာပေးမှုများ မူးယစ်ဆေးဝါး အမျိုး အစားများ၊ မူးယစ် ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါး သုံးစွဲခြင်းကြောင့် ခံစားရမည့် လူမှုရေးဆိုးကျိုးများ၊ မူးယစ်ဆေးဝါး သုံးစွဲသူများ၏ သွင်ပြင် လက္ခဏာများ အ‌ကြောင်း စသည့်တို့ကို ပြည်သူများ သိရှိနိုင်ရန် Talk Show အစီအစဉ်မှတစ်ဆင့် အသိပညာပေးခဲ့ကြောင်း သိရှိရသည်။

အောင်မြင့်