ရမည်းသင်းခရိုင်မီးသတ်စခန်းတွင် တပ်ဖွဲ့ဝင်မိသားစုများ၏ သားသမီးများ အား ၂၀၂၁-၂၀၂၂ ပညာသင်စရိတ် (ထပ်ဆင့်)ထောက်ပံ့ပေးအပ်

 

ရမည်းသင်း ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် မီးသတ်ဦးစီးဌာနတွင် တပ်ဖွဲ့ဝင်မိသားစုများ၏ သားသမီးများ အား ၂၀၂၁-၂၀၂၂ ပညာသင်စရိတ် (ထပ်ဆင့်)ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၁)နာရီ အချိန်က ရမည်းသင်းခရိုင်မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရမည်းသင်းခရိုင်မီးသတ်ဦးစီးမှူး လက်ထောက် ညွန်ကြားရေးမှူး ဦးအောင်ခင်ဆင့်က ပညာသင်စရိတ် (ထပ်ဆင့်) ထောက်ပံ့ပေးအပ်ရခြင်း ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရမည်းသင်းခရိုင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်တို့က ရမည်းသင်းခရိုင်မီးသတ်စခန်းနှင့် ပျော်ဘွယ်မြို့နယ် မီးသတ်စခန်း တပ်ဖွဲ့ဝင်များ၏ သားသမီး (၁၇) ဦး တို့အား ပညာသင်စရိတ် ထောက်ပံ့ကြေးနှင့် ကျောင်းသုံးဗလာစာအုပ်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်(ရမည်းသင်း)