အလုံ ဇွန် ၂၄
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ် ”Talk Show ကို ယနေ့နံနက် ၁၀:၀၀ အချိန်က ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို စာရေးဆရာမကြီးညွန့်ညွန့်(ကလော)နှင့် အလုံမြို့နယ်ဦးစီးမှူးတို့က ဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲတွင် မူးယစ်ဆေးဝါးအမျိုးအစားများ၊ မူးယစ်ဆေးဝါးကို ရှောင်ရှားရမည့် နည်းလမ်းများ၊ မူးယစ်ဆေးဝါးကို ပြည်သူများ အားလုံးပူးပေါင်းတားဆီး ကာကွယ်ရန်လိုအပ်ပုံ၊ မူးယစ်သားကောင်ဘဝကို လူငယ်များမရောက်ရအောင် ကြိုတင်ကာ ကွယ်ရမည့် အချက်များ စသည့်အကြောင်းအရာများကို အသေးစိတ် ဆွေးနွေးပြောကြား ပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါTalk Show ကို အလုံမြို့နယ် ပြည်သူ့စာကြည့်တိုက် facebook pageတွင် ဇွန်လ(၂၅)ရက်နေ့တွင် အများပြည်သူများ ဗဟုသုတရရှိစေရန် ထုတ်လွှင့်တင်ဆက်ပေးသွား မည်ဖြစ်ကြောင်း သိရှိရသည်။
ရွက်သစ်ဝေ