မြောက်ဥက္ကလာပမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မြောက်ဥက္ကလာပ ဇွန် ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့တွင် ၂၀၂၁ ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို  ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာ ကျောင်းများနှင့် ဌာနဆိုင်ရာရုံးများတွင် ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြမြဝင်းနှင့် ဝန်ထမ်းများက ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများကို ဖြန့်ဝေပေးခဲ့ပြီး လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးရေးလုပ်ငန်းများ၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း အကြောင်းအရင်း မူးယစ်ဆေးဝါး ပြဿနာကို ဖြေရှင်းခြင်း မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ကြဉ်ဖွယ်အကြောင်း မုံရွာဝင်းဖေ ရေးသားသည့် ကမ္ဘာ့ရန်သူ ဘိန်းဖြူကဗျာနှင့် အသိပညာပေး ကာတွန်းတို့ ပါဝင်ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)