အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

ကြာအင်းဆိပ်ကြီး ဇွန် ၂၄

၂၀၂၁ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များအား မိဘပြည်သူများအနေဖြင့် သိရှိလေ့လာ မှတ်သား ရှောင်ရှားနိုင်စေရေးအတွက်  ကရင်ပြည်နယ်  ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ ယနေ့ နံနက်ပိုင်းအချိန်က ဌာနဆိုင်ရာရုံးများ အခြေခံပညာကျောင်းများနှင့် လူစည်ကားရာ မြို့မဈေးသို့သွားရောက်ကာ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(ရုံးချုပ်)မှ ထုတ်ဝေသည့် အဆိုပါသတင်းစကားလက်ကမ်း စာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ကြဉ်ဖွယ် အချက်အလက်များ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များ၊ စသည့်သိမှတ်ဖွယ်ရာ  သိကောင်းစရာ အကြောင်းအရာများ၊ ကမ္ဘာ့ရန်သူဘိန်းဖြူကဗျာနှင့် ဆောင်ပုဒ်များ စသည်တို့ ပါဝင်ရေးသား ထုတ်ဝေထားကြောင်း သိရသည်။

မျိုးမင်းဦး