ဆိပ်ကြီးခနောင်တိုမြို့နယ်၌ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် “သတင်းစကား” လက်ကမ်းစာစောင်များ ဖြန့်ဝေပေး

ဆိပ်ကြီးခနောင်တို ဇွန် ၂၄

ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသည့် “သတင်းစကား” လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းမှစ၍  ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် အတွင်းရှိ လူစည်ကားရာ နေရာများတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ သဝဏ်လွှာကောက်နုတ်ချက်၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး လုပ်ငန်းများ စသည့် ကဗျာ၊ ကာတွန်းများဖြင့် မူးယစ်ဆေးဝါး အသိပညာပေး စုံလင်စွာပါရှိပြီး၊ လက်ကမ်းစာစောင် စောင်ရေ (၂၄၀)ကို မြို့နယ် အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာများနှင့် လူစည် ကားရာနေရာများတွင် ပြည်သူ့လက်ဝယ်အရောက် မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက လိုက်လံ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဝေယံ