ဗိုလ်တထောင် ဇွန် ၂၄
ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာဆောင်များကို ပြည်သူများအသိပညာတိုးပွားစေရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ယနေ့နံနက် ၉ နာရီခွဲတွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါလက်ကမ်းစာစောင်များကို ကျောင်းများ၊ ဌာနဆိုင်ရာများ၊ ဈေး၊ ကားမှတ်တိုင်၊ သမ္ဗာန်ဆိပ်၊ သင်္ဘောဆိပ်နှင့် လူစည်ကားရာနေရာများတွင် ဖြန့်ဝေခဲ့ခြင်းဖြစ်ပြီး အဆိုပါလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ်ဆေး သုံးစွဲရခြင်းအကြောင်းအရင်း၊ မူးယစ်ဆေးဝါးပြဿနာကိုဖြေရှင်းခြင်း၊ မူးယစ်ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်၊ ကမ္ဘာ့ရန်သူဘိန်းဖြူ၊ မူးယစ်ဆေးစွဲသူဖေးမကူ၊ အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့၊ မူးယစ်အန္တရာယ် လူ့ရန်စွယ် ကာကွယ်တိုက်ဖျက်လက်ချင်းယှက် စသည့် အကြောင်းအရာများပါဝင်ပြီး ပြည်သူများကို အခမဲ့ဖြန်ဝေပေးကြောင်း သိရသည်။
ဗိုလ်တထောင်(ပြန်/ဆက်)