ရန်ကင်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ရန်ကင်း ဇွန် ၂၄

၂၀၂၁-ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ အခြေခံပညာ ကျောင်းများနှင့် လူစည်ကားရာစျေး၊ ကားမှတ်တိုင်များ၊ အနှေးယာဉ်ဂိတ်များသို့ ယနေ့နံနက် ၈ နာရီက သွားရောက် ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်လှလှထွေးနှင့် ဝန်ထမ်းများမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ လမ်းသွားလမ်းလာပြည်သူများနှင့် ဌာနဆိုင်ရာများကို ဖြန့်ဝေပေး ခဲ့ကြသည်။

အဆိုပါလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်မှ တားဆီးကာကွယ်ရေးလုပ်ငန်းများ သုံးစွဲရခြင်း အကြောင်းရင်းများ၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်း၊ မူးယစ်ဆေးဝါးအန္တရာယ် ရှောင်ကြဉ်ဖွယ်အကြောင်း၊ ဆောင်ရွက်နေမှုများနှင့် မုံရွာဝင်းဖေ၏ “ကမ္ဘာ့ရန်သူဘိန်းဖြူ” ကဗျာ၊ ကာတွန်းများကို အသိပညာပေးပါရှိကြောင်း သိရသည်။

လှလှထွေး