ကျောက်ဆည် ဇွန် ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုအထက်တန်းကျောင်းတွင် တာဝန် ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းများအဆင်ပြေစွာ နေထိုင်နိုင်စေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ နှစ်တွင်(၆ခန်းတွဲ၊၄-ထပ်) ဝန်ထမ်းအိမ်ယာ ဆောက်လုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ (၆ခန်းတွဲ၊၄-ထပ်) ဝန်ထမ်းအိမ်ယာအား ခွင့်ပြုရန်ပုံငွေ ကျပ်သန်း(၄၈၀)ဖြင့် ၂၀၂၁-ခုနှစ်၊ ဇန်နဝါရီ(၂၀)ရက်နေ့တွင် ရွှေခြံမြင့်မိုရ်ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ယူ၍ စတင်ဆောက်လုပ် လျက်ရှိရာ ယခုအခါ လုပ်ငန်းများဆောင်ရွက်နိုင်မှု (၂၅)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့ အစိုးရစက်မှုလက်မှုအထက်တန်းကျောင်းအနေဖြင့် အကျယ်(၅.၇၆)ဧက၊ စာသင် ကျောင်းဆောင်(၆)ဆောင်၊ လက်တွေ့သင်ကြားရေးအလုပ်ရုံ(၂)ခု ရှိပြီး အဆိုပါ ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ပြီးစီးသွားပါက ဝန်ထမ်းများအတွက်များစွာအဆင်ပြေသွားမည်ဖြစ်ကြောင်းနှင့် သင်ကြား၊ သင်ယူမှုများ ပိုမိုထိရောက်စွာဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)
၀၉-၄၂၉၂၂၂၇၂၈