အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ကွတ်ခိုင်     ဇွန်    ၂၄

 

  အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု      တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် သတင်းစကားလက်ကမ်းစာစောင်ကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဌေးဌေးဝင်းနှင့် ဝန်ထမ်းများက        ယနေ့နံနက်၁ ၀နာရီတွင် အခြေခံပညာကျောင်းများ၊  မြို့ပေါ်ရပ်ကွက်များ၊ ဌာန ဆိုင်ရာများ သို့သွားရောက်၍ ဖြန့်ဝေပေးခဲ့ပါသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင်      မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများ၊   မူးယစ်ဆေးစွဲသူဖေးမကူ၊  မူးယစ်ဆေးသုံးစွဲ ရခြင်းအကြောင်းအရင်း၊  မူးယစ်ဆေးဝါးပြဿနာကိုဖြေရှင်းခြင်း၊မူးယစ်အန္တရာယ်ရှောင်ကြဉ်ဖွယ်၊ စတဲ့ကဗျာ၊ကာတွန်း၊ဆောင်ပုဒ်များဖြင့် အသိပညာပေးရေးသား ဖော်ပြထားကြောင်းသိရသည်။         

ယခုလို အသိပညာပေးသတင်းစကားလက်ကမ်းစာစောင်များကို ကျောင်းသား/ကျောင်းသူများ၊ ရပ် ကွက်အတွင်းရှိ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများထံသို့ လက်ဝယ်အရောက် ဖြန့်ဝေပေးခြင်းဖြင့်   မူးယစ်ဆေးအန္တရာယ်ကို အတတ်နိုင်ဆုံး ရှောင်ကြဉ်နိုင်ကြမည်ဖြစ်ကြောင်း  ကျောင်းအုပ်ဆရာမကြီးက ပြောကြားခဲ့သည်။

ဌေးဌေး