ကျွန်းစု ဇွန် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က မြိတ်မြို့မှ ပိုးတွေ့ လူနာနှင့် ဆက်စပ်သူများအား ကိုဗစ်ရောဂါပိုး ရှိ/မရှိ Rapid Diagnostic Antigen Test Kid(RDT) ဖြင့် စစ်ဆေးခဲ့ရာ ထွေအုပ်ဝန်ထမ်း(၁)ဦးနှင့် မိသားစုဝင်(၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ရဲမင်းဦးထံမှ သိရသည်။
ရောဂါပိုး တွေ့ရှိသူများအား မြို့နယ်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်-၁၉ ရောဂါသီးခြားစောင့်ကြည့် ဆောင်တွင် ထားရှိ၍ ဆေးဝါးကုသပေး လျက်ရှိပြီး ပိုးတွေ့လူနာများနှင့် ဆက်စပ်သူထိတွေ့ခဲ့သူ မိသားစုဝင်(၂)ဦးအား ကျွန်းစုမြို့၊ ကရုဏာနာရေးကူညီမှုအသင်းပိုင် ကျန်းမာရေး အထောက်အကူပြု မော်တော်ယာဥ်ဖြင့် Quarantine Centre သို့ ပို့ဆောင်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရ သည်။
အလားတူ ပိုးတွေ့သူ မ....... နှင့် ဆက်စပ်သူ ထွေ/အုပ် ဝန်ထမ်း(၁၁)ဦးအား မြို့နယ်ကျွန်း ရတနာခန်းမ၌ စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)