မြဝတီ ဇွန် ၂၄
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြု Community Centre တွင် ဝန်ထမ်းများအား စာပေဗဟုသုတနှင့် စာအုပ်စာပေများကို ဖတ်ရှုသည့် အလေ့အထကောင်းများ ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ ယနေ့နံနက်(၁၁)နာရီက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ၂၀၂၁ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ(၁၆)တွင် စာရေးဆရာကိုကိုချွန်(မော်လမြိုင်)ရေးသားသည့် “မူးယစ်ဆေးဝါးသုံးစွဲမှုကြိုတင်ကာကွယ်ရေး” ဆောင်းပါး၌ ပါရှိသည့် မူးယစ်ဆေးဝါးပြဿနာဖြေရှင်းရေး၊ မူးယစ်ဆေးဝါးပြဿာနာများကို ဖြေရှင်းရာတွင် ထုတ်လုပ်မှုကိုတားဆီးပြီး သုံးစွဲမှုကိုလျှော့ချခြင်းနှင့်နောက်ဆက်တွဲပြဿာနာများ ကိုဟန်ချက်ညီညီ ဆောင်ရွက်သွားရန်လိုအပ်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ဦးနှောက် ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နိုင်ပုံနှင့် မြန်မာ့အလင်းသတင်းစာ စာမျက်နှာ (၂၀)တွင်ပါရှိသည့် စာရေးဆရာ မောင်သောမန ရေးသားထားသော “ကိုယ်ပြုသည့်ကံ”ဆောင်းပါးတို့ကို မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ဝိုင်းပြုလုပ်ကား အပြန် အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။
မန်းသန်းရွှေမြင့်(ပြန်/ဆက်)