ကရသူရိ ဇွန် ၂၄
တနင်္သာရီတိုင်းဒေကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံး မှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက အမှတ်(၁)ရပ်ကွက်တွင် ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ မြို့ဦးစီးမှူး ဒေါ်အေးအေးသန်းနှင့် ဝန်ထမ်းများက အခြေခံပညာအထက်တန်းကျောင်းရှိ ဆရာ /ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ရပ်ကွက်အတွင်းရှိ လမ်းသွား/လမ်းလာသူများကို ဖြန့်ဝေ ပေးခြင်းဖြစ်ကြောင်း အဆိုပါ လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးသုံးစွဲရခြင်းအကြောင်း၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊ မူးယစ် ဆေးအန္တရာယ် ရှောင်ကြဉ်ဖွယ်အကြောင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်းခြင်းစသည့် အသိ ပညာပေးကာတွန်းများပါဝင်ကြောင်း သိရသည်။