ကမမောင်း၊ ဇွန် ၂၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ လူစည်ကားရာနေရာများ ဖြစ်သော သံလွင်ဦးမြို့မစျေးဝင်း၊ ကားဂိတ်နှင့်မြို့တွင်းလမ်းဆုံနေရာများတွင် ကိုဗစ် - ၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအဖြင့် ယနေ့နံနက် ( ၉)နာရီတွင် ပြည်သူများအား နှာခေါင်းစည်း mask များကိုအခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါနှာခေါင်းစည်း mask များအခမဲ့ဖြန့်ဝေခြင်းကို မြို့အုပ်ချုပ်ရေးမှူး ဦးသန်းကျော်သူ ဦးဆောင်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ကျန်းမာရေးဌာနမှ ဒေါက်တာဆုရဲထက်နှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် ကမမောင်းမြို့ကြက်ခြေနီအသင်းအဖွဲ့ ခွဲငယ်တို့မှ ပူးပေါင်း၍ ကိုဗစ် -၁၉ရောဂါအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်
ပြည်သူများအနေဖြင့် နေအိမ်မှအပြင်သို့ထွက်ခွာသည့်အချိန်များ၊ လူစည်ကားရာ နေများသို့သွားလာလျှင် နှာခေါင်းစည်း mask ကိုစနစ်တကျတပ်ဆင်ကြရန် ပညာပေး ပြောဆိုခဲ့ပြီး နှာခေါင်းစည်းmask အခု (၁၆၀၀) ကို ပြည်သူများအား အခမဲ့ပေးဝေခဲ့ကြကြောင်း သိရသည်။
လင်းသန့် ( ပြန်/ဆက်)