ထားဝယ် ဇွန် ၂၄
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဖလား၊ မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုး သမီး ဘော်လီဘောပြိုင်ပွဲကို ယနေ့ နံနက် ၈ နာရီက ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ ကြောင်း သိရသည်။
ပထမပွဲစဉ်အဖြစ် ထားဝယ်အသင်းနှင့် ပုလောအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ အားကစားသမားများနှင့် အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးရာ ထားဝယ်အသင်းမှ အနိုင်ရရှိခဲ့သည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် တနင်္သာရီ တိုင်းဒေသကြီး ဆက်လက်အောင်မြင်မှု ရရှိရေးနှင့် တနင်္သာရီတိုင်းဒေသကြီး အတွင်းမြို့နယ် အသီးသီးမှ ထူးချွန်ထက်မြက်သော မျိုးဆက်သစ် အမျိုးသမီး ဘောလီဘောသမားများ စဉ်ဆက်မပြတ် ပေါ်ထွက် လာစေရေး ရည်ရွယ်၍ ပြိုင်ပွဲကျင်းပရခြင်းဖြစ်ကြောင်း တနင်္သာရီဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးမိုးနိုင်ထံမှ သိရသည်။
တနင်္သာရီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဖလား အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘော်လီ ဘောပြိုင်ပွဲတွင် အမျိုးသမီးအသင်း (၈)သင်း ပါဝင်ကစားမည်ဖြစ်ပြီး မြို့နယ်အလိုက် အုပ်စုများခွဲ၍ ဇွန် ၂၈ ရက်နေ့အထိ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။