ကျောက်မဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် မတ်လအတွင်း ကျင်းပခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ၃၇ ဒသမ ၈၅ ရာခိုင်နှုန်းအောင်မြင်

ကျောက်မဲ  ဩဂုတ် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အနေဖြင့် ၂၀၂၀ပြည့်နှစ် မတ်လအတွင်း၌  ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တွင် စာမေးပွဲ ကျောင်းတွင်း ဖြေဆိုသူ  (၉၃၆)ဦး၊ ပြင်ပဖြေ (၄၄၃)ဦး စုစုပေါင်း(၁၃၇၉)ဦး ဖြေဆို ခဲ့ရာ (၅၂၂)ဦး ဖြေဆိုအောင်မြင်ခဲ့ပြီး  အောင်ချက် ၃၇ ဒဿမ ၈၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။

၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့သူများအထဲမှ (၅) ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၄) ဘာသာ ဂုဏ်ထူးရှင်(၃)ဦး ၊ (၃) ဘာသာဂုဏ်ထူးရှင်(၂၀)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၂၆)ဦး၊ (၁)ဘာသာ ဂုဏ် ထူးရှင် (၇၂)ဦး ရရှိခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အနေဖြင့် ယခင် ၂၀၁၉ ခုနှစ် သက္ကသိုလ်ဝင်စာမေးပွဲ၏ အောင်ချက်မှာ ၄၀ ဒဿမ ၄၆ ရာခိုင်နှုန်း ရှိခဲ့ပြီး ယခု အောင်ချက်မှာ ၃၇ ဒဿမ ၈၅ ရာခိုင်နှုန်းသာရှိသည့်အတွက် ယခင်နှစ်ထက် အောင်ချက် လျှော့နည်းကြောင်းသိရသည်။

မိုင်းထွန်း(ပြန်/ဆက်)