မိတ္ထီလာခရိုင်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်စိုက်ဧက ၄၇၅ ဧကနှင့် အထူးဇုံစိုက်ဧက ၆၃၅ ဧက စိုက်ပျိုးသွားမည်

မိတ္ထီလာ  ဇွန်  ၂၄

မိတ္ထီလာခရိုင်အတွင်းရှိ ဒေသခံတောင်သူများ ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး Quick Win အစီအစဉ်ဖြင့် မိုးနှောင်း ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်စိုက်ဧက ၄၇၅ ဧကနှင့် တိုင်းဒေသကြီး အစီအစဉ်ဖြင့် မိုးနှောင်းချည်မျှင်ရှည်ဝါအထူးဇုံစိုက်ဧက ၆၃၅ ဧကတို့ကို စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ မိတ္ထီလာခရိုင်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ် မိုးနှောင်းရာသီတွင် ချည်မျှင်ရှည်ဝါ(၃၄၆၂၇)ဧက စိုက်ပျိုးနိုင်ခဲ့ရာတွင် ဒေသခံတောင်သူများ ဝါမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး အထူးဇုံဧက (၅၀၀)အထိ တိုးချဲ့ဆောင်ရွက်နိုင်ခဲ့သည်။ ယခုနှစ် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် မိုးနှောင်းရာသီတွင် ချည်မျှင် ရှည်ဝါစိုက်ပျိုးဧက ၂၆၀၀၀ကျော် စိုက်ပျိုးသွားမည်ဖြစ်သည်။ ထိုသို့ စိုက်ပျိုးလျက်ရှိသည့် ချည်မျှင်ရှည်ဝါစိုက်ပျိုးဧကများအတွက် လိုအပ်တဲ့ မျိုးစေ့၊ မျိုးကောင်းမျိုးသန့်တွေကို တောင်သူများ နှစ်စဉ် စိုက်ပျိုးနိုင်စေရန် ယခုနှစ် မိုးနှောင်းရာသီမှာ Quick Win အစီအစဉ်ဖြင့် မိုးနှောင်း ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်စိုက်ဧက ၄၇၅ ဧကနှင့် တိုင်းဒေသကြီးအစီအစဉ်ဖြင့် အထူးဇုံစိုက်ဧက ၆၃၅ဧကကို စိုက်ပျိုးသွားမည်ဖြစ်သည်။ ယခုနှစ် မိုးနှောင်းရာသီမှာ Quick Win အစီအစဉ်ဖြင့် စိုက်ပျိုးမည့် မိုးနှောင်း ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်ဧက ၄၇၅ ဧကမှာဆိုရင် တောင်သူများအတွက် ပိုးမွှားဒဏ်ခံနှင့် ရာသီဒဏ် ခံနိုင်ပြီး စီးပွားရေးတွက်ချေကိုက်သည့် ရွှေတောင်-၁၀ မျိုး(၃၂၅)ဧကနှင့် ရွှေတောင်-၈ ဝါမျိုးဧက (၁၅၀)ကို စိုက်ပျိုးထုတ်လုပ်သွားမည်ဖြစ်ပြီး တိုင်းဒေသကြီး အစီအစဉ် ဖြင့် စိုက်ပျိုးမည့် မိုးနှောင်ချည်မျှင်ရှည်ဝါ အထူးဇုံ စိုက်ဧက(၆၃၅)ဧကတွင် ရွှေတောင်-၁၀ မျိုးနှင့်   ရွှေတောင်-၈ မျိုးတို့ကို   စိုက်ပျိုးသွားမည်ဖြစ်သည်။

 ယင်းသို့ ဒေသခံတောင်သူများ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေး ချည်မျှင်ရှည်ဝါမျိုးစေ့ ထုတ် စိုက်တောင်သူများ ပိုမိုထိရောက်အောင်မြင်နိုင်စေရန်အတွက် Quick Winအစီအစဉ်ဖြင့် မျိုးစေ့ ထုတ်စိုက် တောင်သူများကို   မျိုးဝါစေ့နှင့် လူးနည်ဆေးများကို ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ရာ မိတ္ထီလာခရိုင်တွင် Quick Winအစီအစဉ်ဖြင့် ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်စိုက်ဧက(၄၇၅)တွင်  မိတ္ထီလာမြို့နယ်တွင် ဧက(၁၀၀)၊ မလှိုင်မြို့နယ်တွင် ဧက (၁၅၀)၊ သာစည်မြို့နယ်တွင် ဧက(၁၅၀) နှင့် ဝမ်းတွင်းမြို့နယ်တွင် (၇၅)ဧက  စိုက်ပျိုး သွားမည်ဖြစ်သည့်အပြင် တိုင်းဒေသကြီးအစီအစဉ်ဖြင့် မိတ္ထီလာခရိုင်တွင် ချည်မျှင်ရှည်ဝါအထူးဇုံစိုက်ဧက ၆၃၅ ဧကတွင် မိတ္ထီလာမြို့နယ်တွင် ဧက ၁၅၀၊ မလှိုင်မြို့နယ်တွင် ၁၅၄ ဧက ၊ သာစည်မြို့နယ်တွင် ဧက ၁၅၀ နှင့် ဝမ်းတွင်းမြို့နယ်တွင်   ၁၈၁ ဧကတို့ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။              

ခရိုင်(ပြန်/ဆက်)