မိုးနဲ ဇွန် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊လင်းခေးခရိုင်၊ မိုးနဲ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၁ခု နှစ် ဇွန် လ၂၆ရက်နေ့တွင်ကျရောက် မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့်တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက် ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များအား ယနေ့ နံနက်ပိုင်းအချိန် က အခြေခံကျောင်းများမှ ကျောင်းသူ/ ကျောင်း သား များ နှင့်ဆရာ ဆရာမများ ဌာနဆိုင်ရာများကို စိတ် ကိုပြောင်းလဲစေတတ်သော မူးယစ်အန္တရာယ် သိရှိစေရန်ရည်ရွယ်၍ အခမဲ့သွားရောက် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် အနာဂတ်ပန်းများ ပွင့်လန်းဖို့ မူးယစ် အန္တရာယ် ကာကွယ်စို့၊ မူးယစ်ဆေးသုံးစွဲရခြင်း အကြောင်းအရင်းနှင့် ပတ်သက်သည့် အချက်(၈) ချက်၊ မူးယစ်ဆေးဝါးပြ ဿနာကို ဖြေရှင်းခြင်း၊ မူးယစ်အန္တရာယ် ရှောင်ကြဉ် ဖွယ်၊ ကမ္ဘာ့ရန်သူဘိန်းဖြူကဗျာ၊ မူးယစ်အန္တရာယ် လူ့ရန်စွယ် ကာကွယ်တိုက်ဖျက် လက်ချင်းယှက် စာတို၊ မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီး ကာကွယ်ရေးလုပ်ငန်းများ ၊မူးယစ်ဆေးစွဲသူဖေးမကူ စသည့်အကြောင်းအရာများနှင့် ကာတွန်း ရုပ်စုံတို့ စုံလင်စွာ ပါဝင်ကြောင်း သိရသည်။
ဇင်ကိုကို(မိုးနဲ)