ညောင်ရွှေမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူ (၈၂၄)ဦးရှိ

ညောင်ရွှေ     ဩဂုတ်     ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၌ အခြေခံပညာဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ မတ်လအတွင်း ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ညောင်ရွှေမြို့နယ်မှ ဝင်ရောက် ဖြေဆိုသူ (၄၁၉၉)ဦး ရှိပြီး အောင်မြင်သူ (၈၂၄)ဦးရှိခဲ့သည့်အတွက် ရာခိုင်နှုန်းအားဖြင့် (၁၉. ၆၂) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး ၏ ၁၀-၈-၂၀၂၀ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအောင်မြင်သူများအနက် ငါးဘာသာဂုဏ်ထူးရှင်(၁)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၆)ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် (၂၅)ဦး၊ တစ်ဘာသာဂုဏ်ထူးရှင်(၈၃)ဦး ပေါ်ထွက်ခဲ့ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ