လမ်းမတော်မြို့နယ် UMFCCI တွင် ကိုဗစ်-၁၉ ချေးငွေလျှောက်လွှာလက်ခံရရှိမှုနှင့် စပ်လျဉ်း၍ ပြည်နယ်/တိုင်း CCI များနှင့် ဒုတိယအကြိမ်မြောက်ဆွေးနွေးပွဲကျင်းပ

လမ်းမတော် ဩဂုတ် ၁၁

လမ်းမတော်မြို့နယ်  UMFCCI  တွင် ပြည်နယ်/တိုင်းများတွင် ကိုဗစ်-၁၉ ချေးငွေလျှောက်လွှာ လက်ခံ ရရှိမှုအခြေအနေ၊ ယမန်နေ့ နံနက်ပိုင်းအထိ လျှောက်လွှာလက်ခံရရှိသည့် အရေအတွက်နှင့် လျှောက်လွှာအများဆုံးရရှိသည့် လုပ်ငန်းကဏ္ဍ များ၊ လက်ခံရရှိသည့် လျှောက်လွှာများအား စုစည်း၍ ကုန်သည် စက်မှုအသင်းချုပ်ရုံးသို့ အလျင်မြန်ဆုံး ပေးပို့နိုင်ရေး တို့နှင့် စပ်လျဉ်း၍ အသင်းချုပ် အထွေထွေအတွင်း ရေးမှူးချုပ် ဦးအေးဝင်းနှင့် ပြည်နယ်/တိုင်း CCI များနှင့် ယနေ့ မွန်းလွဲပိုင်းတွင် ဆွေးနွေးခဲ့ကြသည်။ 

အဆိုပါဆွေးနွေးပွဲတွင်  ကချင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းတောင်၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ တိုင်း  CCI မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်