လဲချား သြဂုတ် ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် အတွင်းရှိ မဲဆန္ဒရှင်စာရင်း ပြည့်စုံ မှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို နောင်ကော့ကျေးရွာအုပ်စုအတွင်းရှိ ရွာပေါင်း(၈) ရွာကို ယမန်နေ့နေ့လယ် ၁ နာရီ အချိန် က ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဦးစီးအရာရှိနှင့်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များမှ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ရပ်ကျေးစာရေးများ ပြုစုထားရှိပြီး ဖြစ်သည့် မဲဆန္ဒရှင် စာရင်းတွင် အိမ်ထောင်စု လူဦးရေ စာရင်းမှန်ကန်မှု ရှိ/မရှိ၊ နိုင်ငံသားစိစစ်ရေးကတ်ပြားပါ အချက် အလက်များ မှန်ကန်မှုရှိ/မရှိ၊မဲစာရင်း၌ အမည် /နေရပ် ဖော်ပြချက်မှားယွင်းမှုရှိ/မရှိ၊မဲစာရင်းများ ကျန်ရှိ မှုရှိ/မရှိ ကြည့်ရှုစစ်ဆေး ခဲ့ပြီး မဲစာရင်းတွင်မပါရှိပါက ပုံစံ(၃)၊ပုံစံ(၄)၊ပုံစံ(၄-ဂ)တွင်ဖြည့်စွက်၍ ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲသို့ အချိန်နှင့် တစ်ပြေးညီ ပေးပို့ဆောင်ရွက်သွားရန်နှင့် သတ်မှတ်ရက်အတွင်း အချိန်မီ ပြီးစီးရေး အလေးထားဆောင်ရွက် သွားရန်ကွင်းဆင်း မှာကြားခဲ့ကြောင်း သိရသည်။
လွှမ်းသူနောင် (ပြန်/ဆက်)