ဟားခါး၌ ကိုဗစ် - ၁၉ Economic Relief Plan အရ ငါးမွေးတောင်သူများသို့ ငါးသားပေါက်များ အခမဲ့ထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနား ဟားခါးမြို့၌ ကျင်းပ

ဟားခါး   သြဂုတ် ၁၀

ဟားခါးမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ငါးမွေးတောင်သူများ၏ စီးပွားရေးထိခိုက်မှုကို သက်သာစေရေး ရည်ရွယ်လျက် ကိုဗစ် - ၁၉ Economic Relief Plan ဖြင့် ဟားခါးမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများသို့ ငါးသားပေါက်များ အခမဲ့ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ချင်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ် တက်ရောက်၍ ငါးမွေးတောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

အစီအစဉ်အရ  ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါးက ဒေသတွင်း ငါးစားသုံးမှု ဖူလုံစေရေး အထောက်အကူပြုစေရန်အတွက် ချင်းပြည်နယ်အတွင်း မွေးမြူထား ရှိကြသည့် ငါးမွေးတောင်သူများအား ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကာလအတွင်း စီးပွားရေးထိခိုက်မှု သက်သာရေးစေရေး ရည်ရွယ်လျက် ကိုဗစ် - ၁၉ Economic Relief Plan ဖြင့်နိုင်ငံတော်က ငါးသားပေါက်များ အခမဲ့ထောက်ပံ့ပေးအပ်ရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားပြီးနောက် တက်ရောက်လာကြသည့် ငါးမွေးတောင်သူများအား ငါးသားပေါက်များကို အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ရာ ဟားခါးမြို့နယ် အတွင်းရှိ  ငါးမွေးတောင်သူများက လက်ခံရယူခဲ့ကြပြီးနောက် ငါးမွေးတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့ပါသည်။ ချင်းပြည်နယ်အတွင်း ငါးမွေကန်ဧရိယာ ၂၄၀.၉၇၈ ဧက ရှိပြီးငါးမွေးမြူရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုလုပ်ခွင့် ပေးထားပြီး ဟားခါးမြို့နယ်အတွင်း ငါးမွေးတောင်သူဦးရေ ၁၆၆ ဦးရှိကာ ငါးမွေးကန်ဧရိယာ ၅၀.၅၈၆ ဧကရှိကြောင်း၊ ငါးမွေးကန်များ၏ အဓိက လိုအပ်ချက်သွင်းအားစု တစ်ခုဖြစ်သော ငါးသားပေါက်များ အခမဲ့ဖြန့်ဖြူးထောက်ပံ့ပေးခြင်းဖြင့် ဒေသ တွင်းငါးမွေးမြူရေး လုပ်ငန်းများပိုမို ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါကြောင်း ချင်းပြည်နယ် ငါးလုပ်ငန်းဦးစီး ဌာနမှူး၊ ညွှန်ကြားရေးမှူး ဦးတင်မောင်ဦး၏ ပြောပြချက်အရ သိရှိရပြီးအဆိုပါ အခမ်းအနားသို့ ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့်သတ္တုဝန်ကြီး ဦးမန်ဟင်းဒါလ်၊ ထန်တလန်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဗန်ထောင်း၊ သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဟားခါးမြို့နယ်အတွင်းမှ ငါးမွေး တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

မြင့်နိုင်စိုး ခရိုင် ပြန်/ ဆက်