ပင်းတယ ဩဂုတ် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဂုဏ်ထူးဖြင့်အောင်မြင်သူ ၁၆၂ ဦးရှိပြီး အောင်မြင်မှု ၂၉ ဒသမ၁၂ရာခိုင်နှုန်း ရှိကြောင်းသိရသည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပင်းတယမြို့နယ်ပညာရေးဌာမှ စာစစ်ဌာန ၅ ခုဖြင့် ဘာသာရပ်အလိုက် ကျောင်းသားကျောင်းသူ (၂၆၁၆)ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး စုစုပေါင်း ၇၆၂ ဦး အောင်မြင် ကာ သုံးဘာသာဂုဏ်ထူးရှင် ၃ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၄၆ ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၁၃ ဦးစုစုပေါင်း ဂုဏ်ထူးဖြင့်အောင်မြင်သူ ၁၆၂ ဦးရှိကာ တစ်မြို့နယ်လုံး၏ ဖြေဆိုအောင်မြင်မှု ရာခိုင်နှုန်း ၂၉ ဒသမ ၁၂ရာခိုင်နှုန်းရှိကြောင်းသိရသည်။
ပင်းတယမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း၉ကျောင်းနှင့် အထက်တန်းကျောင်း ခွဲ (၇) ကျောင်းရှိပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းတွင် ဘာသာရပ်အလိုက် ကျောင်းတွင်းဖြေ/ ပြင်ပဖြေ စုစုပေါင်း ၂၇၅၉ ဦးစာရင်းပေးသွင်းထားသော်လည်း ၂၆၁၆ ဦး သာဝင်ရောက်ဖြေဆိုခဲ့ကြောင်းလည်း သိရသည်။
မြို့နယ်(ပြန်/ဆက်)