သရက်ချောင်း ဩဂုတ် ၁၀
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် မြို့နယ်ခန်းမဆောင်ရှိ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းသို့ ယနေ့ နံနက် ၁၀ နာရီက ကိုဗစ် - ၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့မှ တိုင်းဒေသကြီးတပ်ဖွဲ့မှူး ဦးညီညီသိန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ မြို့နယ်တာဝန်ခံနှင့်တပ်ဖွဲ့ဝင်များက လက်သန့်ဆေးရည် (Hand Gel) များအား လာရောက်လှူဒါန်း ခဲ့သည်။ ထိုသို့လှူဒါန်းရာတွင် တိုင်းဒေသကြီး ကြက်ခြေနီတပ်ဖွဲ့မှ တိုင်းဒေသကြီးတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့များ၊ မြို့နယ် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူများပူးပေါင်း၍ အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်းရှိ စောင့်ကြည့်ခံ ပြည်သူ (၂၅) ဦးအတွက် လက်သန့်ဆေးရည် ဗူးသေး (၂၅) ဗူးနှင့် (500) ml (၂) ဗူးတို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သရက်ချောင်း (ပြန်/ဆက်)