လယ်ဝေး ဩဂုတ် ၁၀
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့်(IPRCC စီမံကိန်း) မွေးမြူရေးဆိုင်ရာ အသိ ပညာပေး သင်တန်းကို နံနက်(၁၀)နာရီက မင်းပြင်ကျေးရွာ၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ ဒက္ခိဏခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးတင့် က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို တက်ရောက် လာကြသော ကျေးလက် နေ မွေးမြူရေး လုပ်ငန်းများဆောင်ရွက်သည့် ပြည်သူများအား ရှင်း လင်းပြောကြားသည်။ ထို့နောက် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဒေါက်တာကျော်သူက IPRCC စီမံကိန်းဖြင့် စံပြတိုင်း ရင်းကြက် မွေးမြူရေး လုပ်ငန်း ဆောင်ရွက်နိုင်ရန်နှင့် မွေးမြူရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များ၊ သိရှိလိုက်နာရမည့် အချက် အလက်များကို ပြောကြား ခဲ့သည်။ ဆက်လက်၍ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်စန်းယုက သင်တန်းသားများအား လိုအပ်ချက်ရှိသည်များကို မေးမြန်းပြီး နိဂုံးချုပ်အမှာ စကားပြောကြားသည်။
အဆိုပါသင်တန်းကို သင်တန်းသား၊ သင်တန်းသူ(၂၀)ဦး တက်ရောက်ကြပြီး IPRCC စီမံကိန်းအရ မင်းပြင် ကျေးရွာ၌ သင်တန်းကို(၁)ရက်သာသင်ကြားပို့ချမည်ဖြစ်ရာ (၆)ကြိမ် ဖွင့်လှစ် သွားမည်ဖြစ် ကြောင်း သိရသည်။
နေဇော်ချစ်(ပြန်/ဆက်)