မလှိုင်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲတွင် (၁ဝ၉၁) ဦး ဂုဏ်ထူးဖြင့် အောင်မြင်

မလှိုင် ဩဂုတ် ၁၀

၂ဝ၁၉-၂ဝ၂ဝ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဩဂုတ် ၉ ရက် နံနက်ဝဝး၃ဝ နာရီအချိန်တွင် ပညာရေးဝန်ကြီးဌာန Web Site မှ ထုတ်ပြန်ကြေညာခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲ ကို (၅၁ ဒသမ ၆၇) ရာနှုန်းအောင်မြင်ပြီး ဂုဏ်ထူးရရှိသူ ကျောင်းသား၊ ကျောင်းသူ  (၁ဝ၉၁) ဦးရှိကြောင်း သိရသည်။ 

မလှိုင်မြို့နယ်တွင် ဧရာဝတီ၊ သံလွင်၊ မြို့သစ်၊ ထန်းတော၊ ပန်းအိုင်၊ ဆည်တို၊ မုံပင်၊ နှောကန် စာဖြေဌာန (၈) ခုရှိပြီး ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၅၁၉၆) ဦး ရှိသည်။ အဆိုပါဝင် ရောက်ဖြေဆိုသူများမှ ကျောင်းသား၊ ကျောင်းသူ (၂၆၈၅) ဦး အောင်မြင်ခဲ့သည်။ ဂုဏ်ထူးရရှိသူများမှာ ခြောက်ဘာသာ (၁၆ဝ) ဦး၊ ငါးဘာသာ (၂ဝ၇) ဦး၊ လေးဘာသာ (၁၉၂) ဦး၊ သုံးဘာသာ (၁၅၄) ဦး၊ နှစ်ဘာသာ (၁၅၂) ဦး ၊ တစ်ဘာသာ (၂၂၆) ဦး၊ စုစုပေါင်း (၁ဝ၉၁) ဦး ဂုဏ်ထူးထွက်ရှိကြောင်း သိရသည်။

အောင်ဌေး (မလှိုင်)