မြင်းခြံ ဩဂုတ် ၁၀
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးစာစောင်နှင့် ပိုစတာများ ပြသထားလျက်ရှိကြောင်း သိရသည်။
၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသိပညာပေးအကြောင်းအရာများဖြစ်သည့် ရပ်ကွက်/ကျေးရွာများအလိုက် ပထမအကြိမ်ကပ်ထားကြေညာပေးသည့် မဲဆန္ဒရှင်စာရင်းများကို ကြည့်ရှုရေးနှိုးဆော်ချက်များ၊ ပထမအကြိမ် မဲစာရင်းကြည့်ရှုရက် (၁၄) ရက်အပြင်၂၀၂၀ပြည့်နှစ် ဩဂုတ်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့ထိ (၇) ရက် ထပ်မံတိုးမြှင့်သည့် ကြေညာချက်များနှင့် မဲဆန္ဒရှင်စာရင်း ကြည့်ရှုရာတွင် မိမိအမည်မပါဝင်ပါက ပုံစံ-၃ ဖြင့်လည်းကောင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ-၄ ဖြင့် ကန့်ကွက်ခြင်းဖြင့် လည်းကောင်း၊ မဲစာရင်းအချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄ (ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကိုလည်းကောင်း သိရှိနိုင်စေရေးကြေညာချက်များကို ပြသဆောင်ရွက်ပေးလျက်ရှိပြီး ပြည်သူများမှ လေ့လာကြည့်ရှုလျက်ရှိကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)