အလုံမြို့နယ်၌ သွေးလွန်တုပ်ကွေး​ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်

အလုံ  ဇူလိုင်  ၇

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ် စည်ပင်ကျန်းမာ ဌာနနှင့် ရပ်ကွက် အုပ်ချုပ်​ရေးမှူးတို့ပူး​ပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၈နာရီခွဲအချိန်မှစ၍  ​​စော​​မြောက်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ် ဆေးခတ်ခြင်း လုပ်ငန်းများ၊အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်နေအိမ်ခြံဝင်းအတွင်းရှိ ပန်းအိုးများ၊ ရေတွင်းရေကန်များ၊ ရေစည်များ၊ ရေအိုးရေခွက်များ နှင့် ရေဝပ်နိုင်သော  ပစ္စည်းများအတွင်း ပိုးလောက်လန်းများ မပေါက်ဖွား စေနိုင်ရေး အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပြုလုပ်ခြင်းနှင့် ရေတွင်းရေကန်များ၊ ရေစည်များအတွင်း အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်ခဲ့သည်။

ထို့ပြင် သွေးလွန်တုပ်ကွေးကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ခြင်း၊ Covid-19  ကာကွယ်ရေး Hand Loudspeaker ဖြင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

တင်တင်ချို ပြန်/ဆက်