ရန်ကုန် ဩဂုတ် ၇
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ တွင်အသက်(၁၈) နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်မဆုံးရှုံး စေရေး အတွက် ဆန္ဒမဲစာရင်းတွင် ပါဝင်ပြီး အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကဒ်ပြား မရရှိသေးသူများ အား ယနေ့ နံနက်ပိုင်းအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် အောင်ဆုပန် ရပ်ကွက်နှင့် ဇ/တောင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကဒ်ပြားများ ပြုလုပ်ပေးလျှက်ရှိသည်။
ထိုသို့ပြုလုပ်ပေးရာတွင် သင်္ဃန်းကျွန်းမြို့နယ်၊ အတွင်းရှိရပ်ကွက်(၃၈)ရပ်ကွက် သို့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဆောင်ကာ အဖွဲ့များခွဲ၍ ဇူလိုင်လ ဆန်းပိုင်းမှစပြီး ရပ်ကွက်အများ လိုက် ကွင်းဆင်း ဆောင်ရွက်ခြင်း များကို ဆောင်ရွက် ပေးလျှက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် Social Distancing ဖြင့်စနစ်တကျ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရဲမင်းထွန်း(ပြန်/ဆက်)