ကမာရွတ် သြဂုတ် ၇
၂၀၂၀ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေး ကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ပေးပို့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသော ‘မဲ ဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသ လား’ လက်ကမ်းစာစောင်အားကမာရွတ်မြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန မှ ဝန်ထမ်းများသည် လူစည်ကားရာကားဂိတ်၊ဈေး၊စာငှားသူပရိတ်သတ်များ၊လမ်းသွားလမ်းလာပြည်သူ များထံသို့ ယနေ့ နံနက် (၁၁:၀၀) ချိန်က သွားရောက်ဖြန့်ဝေခဲ့ကြောင်းသိရသည်။
အဆိုပါလက်ကမ်းစာစောင်တွင် မဲပေးခွင့်ရှိသူ အနေဖြင့် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းရန် တောင်ဆိုရန်၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ရန်၊ မဲစာရင်းပါအချက် အလက်များမှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင် ဖြည့်စွက် ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်ကြရန်နှင့် မဲဆန္ဒရှင်ပြည်သူများ မပျက်မကွက်လာရောက် ကြည့်ရှု စစ်ဆေးခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြရန် ရပ်ကွက်များအတွင်း နှိုးဆော်ထားပြီးမဲစာရင်းကို ဇူလိုင်(၂၅)ရက်နေ့မှ သြဂုတ် (၇)ရက်နေ့အထိ (၁၄)ရက်တိတိ ကြေညာထားကြောင်းနှင့် မြို့နယ်အတွင်းရှိပြည်သူများမှ လည်း သက်ဆိုင်ရာ ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲရုံးများသို့ သွားရောက်ကြည့်ရှုနိုင်ကြောင်းအစရှိသည့်အ ချက်များပါကြောင်းသိရသည်။
စိမ်းလဲ့(ပြန်/ဆက်)